မိုင်းယောင်း ဩဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အမှတ်(၄)ရပ်ကွက် ဟိုခုံပရိယတ္တိစာသင်တိုက်၌ ယနေ့နေ့လယ် ၁ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်၊ ဆီ၊ ဆေး ဆက်ကပ်လှူဒါန်းပွဲကျင်းပကြောင်း သိရသည်။
ဝါတွင်းကာလ ဝါဆိုတော်မူသော ကျောင်းတိုက် ၁၄ တိုက်မှ ရဟန်း၊ သာမဏေ ၂၂၅ ပါးတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဖြူစင်မိုင်းယောင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအင်းနှင့် အလှူရှင်များက ဆွမ်းဆန်တော်၊ ဆီ၊ ဆေးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း