လဲချား သြဂုတ် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ စပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်စိုက်ခင်းများအတွက် မျိုးစေ့နှင့်ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းသန်းစိန်က စပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်စိုက်ခင်းများအတွက် မျိုးစေ့နှင့်ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ စိုက်ပျိုးရေးတောင်သူများအား လယ်မြေဧက(၂၃)ဧကအတွက် မြေသြဇာအိတ် (၁၃၈)အိတ်အား တက်ရောက်လာသည့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းနှင့် တောင်သူများကိုယ်စားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)