ကာလိ ဩဂုတ် ၆
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ယနေ့ နံနက် (၉) နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများအား ဟောပြောခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲအား ကျင်းပရာ ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၂၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဩဂုတ်လ(၇) ရက်နေ့၌ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)