တောင်ဥက္ကလာပ ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာမြို့နယ်တွင် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ဩဂုတ် ၃ ရက်မွန်းလွဲပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ရရှိနိုင်သော အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲဝင်ကလေးများ၏ ယှဥ်ပြိုင်နေမှုများဖြင့် ပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများအပြင် အခြားသော ဗဟုသုတရဖွယ်အကြောင်းအရာများ၊ ပြိုင်ပွဲများကိုလည်း ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်မင်းဟန် (ပြန်/ဆက်)