သရက်ချောင်း ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် အသက် ၅ နှစ်အောက် ကလေးသူငယ်များအား ဗီတာဗင်-Aနှင့် သံချဆေး တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ဆောင်ရွက်ပေးရာတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ကြီးကြပ်မှုဖြင့် ကျန်းမာရေးဆရာမများက အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်အဖြစ် အသက် ၅ နှစ်အောက် ကလေးသူငယ်များအား ပေါင်အလေးချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကလေးသူငယ်များခန္ခာကိုယ်ဖွံ့ဖြိုးရန်အတွက် ဗီတာမင်-A နှင့် သံချဆေး တိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)