လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်မှတ်ပုံတင်ထုတ်‌ပေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ပေး

လှိုင်သာယာ(အရှေ့ပိုင်း) သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် မှတ်ပုံတင်ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများမှ ဩဂုတ်လ ၃ ရက်နေ့နံနက်(၁ဝ)နာရီ၌ အမှတ်(၂)ရပ်ကွက်နှင့်ကစင်ကျေးရွာတို့တွင် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်မှတ်ပုံတင်နှင့် သန်းခေါင်းစာရင်းထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းရာ၌ ကစင်ကျေးရွာတွင် M အိမ်ထောင်စု(၁၇)စုနှင့်အမှတ်(၂)ရပ်ကွက်တွင် အိမ်ထောင်စု(၁၁)စုတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦး‌အောင်ကျော်မိုး၏လမ်းညွှန်မှုဖြင့် ကစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းလှိုင်စိုးနှင့်အဖွဲ့‌၀င်များ၊ ဒုတိယ လ.၀.ကမှူးဒေါ်နွယ်နီသိမ်း‌ဆွေနှင့်အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆန်းမြင့်နှင့်အဖွဲ့၀င်များ၊ နယ်မြေတာ၀န်ခံဒေါ်မြင့်မြင့်အေးနှင့်အဖွဲ့၀င်များ၊ အမျိုးသမီး‌ ရေးရာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၀င်တို့က လိုအပ်သည်များဝိုင်း၀န်းကူညီပံ့ပိုးပေးလျက်ရှိကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)