သာကေတမြို့နယ် လူငယ်စင်တာတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဖိုရမ်သို့တက်ရောက်မည့် လူငယ်များနှင့်တွေ့ဆုံပွဲ ကျင်းပ

သာကေတ သြဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၉)ရပ်ကွက် အတွင်းရှုခင်းသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဖိုရမ်သို့ တက်ရောက်မည့် လူငယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြသီတာဆွေတင်၊ ဒုတိယဥက္ကဋ္ဌ ဦးဌေးလင်း၊ သာကေတမြို့ယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် ဦးညွန့်ဝေနှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဖိုရမ်သို့တက်ရောက်မည့် လူငယ်များအပါအဝင် စုစုပေါင်းအင်အား (၁၆၀)ဦးခန့် တက်ရောက်ခဲ့သည်။

ထို့နောက် မစန္ဒီလင်းမွန်ထွန်းမှ အလှကမ္ဘာမြေ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်ဖိုရမ်အတွက် အုပ်စုခွဲခြားခြင်းများအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြသီတာဆွေတင်မှ ရှင်းလင်းပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးလင်းမှ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်း၊ လူငယ်ဖိုရမ်တွင် ဆွေးနွေးမည့်ခေါင်းစဉ်(၅)ခုအား ဦးဆောင်မည့် အဖွဲ့ခေါင်းဆောင်များနှင့် လူငယ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိသည်။

သာကေတ (ပြန်/ဆက်)