ရန်ကုန် သြဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သန်လျှက်စွန်းလမ်းမကြီး၊ ကြာဖြူလမ်းနှင့် မြနန္ဒာလမ်းတို့တွင် ယနေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်ခဲ့ရာ ထိခိုက်ခံစားခဲ့ရသည့်များ ရှိခဲ့ပါသည်။
ထိုသို့ ထိခိုက်ခံစားရသည့် အိမ်ထောင်စု(၅၇)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူး၍ ထောက်ပံ့ကူညီသော ပစ္စည်းများဖြစ်သည့် တကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၄၉)စုံ၊ တာပေါ်လင်(၉၈)ချပ်၊ မိသားစုသုံးပစ္စည်း(၈)စုံတို့ကို ဗိုလ်တထောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဇူလိုင်လ(၃၁)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)