တာချီလိတ် ဩဂုတ် ၄
ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းရေးနှင့် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာများ ရရှိစေရေးတို့အတွက် အခြေခံအကျဆုံးဖြစ်သည့် ကျောင်းသား ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လေ့လာနိုင်ရန်နှင့် သိရှိလိုက်နာစေရန်ရည်ရွယ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်က ဝမ်ကောင်းရပ်ကွက်ရှိ ရွှေမဟာ-၂ ကိုယ်ပိုင်းအထက်တန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ အမှတ် (၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်) တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အေးမင်းအောင်၊ ရဲအုပ်နိုင်လင်းထွန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ရွှေမဟာ-၂ ကိုယ်ပိုင်အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်၊ ဆရာ ဆရာမများနှင့် အထက်တန်းကျောင်းသား ကျောင်းသူ ၂၂၈ ဦးတို့အား ဆိုင်ကယ်စီးလျှင် နှစ်ဦးထက်မပိုရန်၊ ဆိုင်ကယ်ဦးထုပ်များ ဆောင်းရန်၊ ဆူညံအိတ်ဇောတပ်၍ မောင်းနင်ခြင်းနှင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်းမပြုရန်စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စည်းကမ်းချက်များ၊ တာချီလိတ်မြို့၌ ယာဥ်တိုက်မှုဖြစ်စဉ်များတွင် အရေးယူဆောင်ရွက်ထားရှိသည့်ဖြစ်စဉ်များကို ပါဝါပွိုင့်ဖြင့် အသိပညာပေးဟောပြောဆောင်ရွက်ပြီး ပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)