ညောင်ရွှေမြို့နယ် ရွှေရန်ပြေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ ကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဩဂုတ် ၄

၂၀၂၅-ခုနှစ် ပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် တိလောစခန်းကြီးကျေးရွာအုပ်စု ရွှေရန်ပြေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ပုလဲခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး၊ ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲများ ကွင်းဆင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ အနာဂတ်ခေါင်းဆောင် လူငယ်များအကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည် ခင်းကျင်းပြသထားသည့် လူငယ်အသိပညာပေးနံရံကပ်စာစောင်နှင့် လူငယ်အသိပညာပေးစာအုပ်စာစောင်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ဝင်တစားလေ့လာကြည့်ရှုနေမှုကို အားပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ