တာလေ ဩဂုတ် ၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့ဖွံ့ဖြိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တာလေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က ၂၀၂၅ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအောင်မြင် စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များနှင့် တာလေမြို့ဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး တာလေမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ်ဇင်ပိုက မြို့တွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တာလေမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ မြို့နယ်ခွဲတာဝန်ခံဦးမနားရွှီးက မြို့တွင်းသန့်ရှင်းသာယာလှပရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အစရှိသည်ဖြင့် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက တာလေမြို့ဖွံ့ဖြိုးတိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူးဦးလင်းလင်းအောင်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)