ကျိုင်းတောင်း သြဂုတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာအလယ်တန်း (ဝိန်းကောင်)ကျောင်းသို့ သွားရောက်၍ လူငယ်များနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသားကျောင်းသူများကို “လူငယ်နှင့် နည်းပညာ”စသောခေါင်းစဉ်ဖြင့် ဖုန်း၊ အင်တာနက်နှင့်ပတ်သက်သော အသိပညာများအပြင် ကျောင်းသာလူငယ်များ သိသင်သော AI နည်းပညာ၏ အသုံးဝင်မှုများကို ပြောပြပေးခဲ့ပြီးနောက် “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး မူးယစ်ဆေးဝါး၏ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမိစေသော အကြောင်းအရာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများစသည့် အချက်အလက်များကို ထပ်ဆင့်အသိပညာပေးဟောပြောဆွေးနွေးဆောင်ရွက်ခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်များနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ် စာစောင်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်ဓာတ်ပုံများကို ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြပြီး အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၉၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကို(ပြန်ဆက်)