တန့်ယန်း ဩဂုတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၈) အား ယနေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ဖွင့်လှစ်သည်။
အဆိုပါ သင်တန်းအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသစ်ထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ ဖွဲ့စည်းတည်ဆောက်ထားမှု၊ မဲပေးစက်၏ လုံခြုံစိတ်ချရမှုများနှင့် ကိုင်တွယ်အသုံးပြုရမည့်နည်းများကို စာတွေ့/လက်တွေ့ ရှင်းလင်းပို့ချကြောင်းနှင့် သင်တန်းအား ပညာရေးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား သင်တန်းသူ စုစုပေါင်း (၇၆)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ရက် ကြာမြင့်ကာ ဆက်လက်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)