တပ်ကုန်း ဩဂုတ် ၄
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မိုးသီးနှံလျာထားဧကပြည့်မီရေး၊ တစ်နှစ် သုံးသီးစားစိုက်ပျိုးနိုင်ရေး ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ သပြေသာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဝါဆိုသက်န်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ကွင်းအမှတ်(၁၂၇၉)၊ တောင်သူ ဦးမောင်ကြည်၏ ရေဆင်း စပ်မျိုးနေကြာ(၁)စိုက်ခင်းကြည့်ရှု၍လည်းကောင်း၊ ရှောက်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၁၄၁၀)၊ တောင်သူ ဦးတင်မြင့်၏ ဆင်းပဒေသာ(၁၁)မြေပဲစိုက်ခင်းနှင့် ဆိုလာစနစ်သုံး ရေပေးဝေမှုအား ကြည့်ရှုခဲ့ပြီး၊ တောင်သူများနှင့်တွေ့ဆုံကာ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြု လုပ်သုံး စွဲနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်ရေး၊ ဆည်ရေများ စနစ်တကျ သုံးစွဲရေး၊ မြေအောက်ရေတင်စနစ်ဖြင့် ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ ဆက်စပ်ဌာနများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ အေးချမ်းသာစံပြကျေးရွာ၊ ဦးနိုင်လင်း၏ “အောင်”ဆီစက်လုပ်ငန်းသို့ ရောက်ရှိ၍ မြေပဲဆီကြိတ်ခွဲနေမှု၊ ကြို့ကုန်းကျေးရွာ၊ ကွင်းအမှတ်(၁၄၅၃)၊ ရေထုတ်မြောင်းတူးဖော်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်