ကျေးသီး ဩဂုတ် ၄
အခြေခံပညာကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည် မြင့်မားလာစေရန်၊ လူထုပရိတ်သတ်ရှေ့ ပြောဆိုဆွေးနွေးတတ်စေရန်၊ စာပေဖတ်ရှူ၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်ခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Communtiy Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (အကြို) ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စန်းစန်းယဉ်က ပုံပြင်ပြောပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲတွင် အ.မ.က(မူလွန်) လုံပုကျောင်းမှ ကျောင်းသားကျောင်းသူ (၂၀) ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ အသီးသီးဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (အကြို) နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများကို စိတ်ဝင်တကား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စိုင်းငင်း(ပြန်/ဆက်)