မိုင်းတုံ ဩဂုတ် ၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျော့နည်းစေရန်ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မဈေးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးရာသီကာလ သွေးလွန်တုပ်ကွေးသည်ဖြစ်ပွားလေ့ရှိသော ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားပြီး ယင်းမှတစ်ဆင့် လူသားတို့ကို အကိုက်ခံရခြင်းမှသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ကို များသောအားဖြင့် တွေ့မြင်ကြရခြင်းဖြစ်သည်။ ထို့ကြောင့် သွေးလွန်တုပ်ကွေရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် သွေး လွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊မြို့နယ်ရဲမှူးနှင့်အဖွဲ့၊မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်တို့ ပူးပေါင်း၍ ခြင်ခိုအောင်းမှုမရှိစေရန်၊ ရေလှောင် ကန်များ၊ရေပီပါများ၊ ရေပုံးများ၊ ရေမြောင်းများ၊ ဘုရားပန်းအိုးများ၊ မိုးရေဝင်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း၊ပတ်ဝန်းကျင်ရှိအမှိုက်သရိုက်များစသည့် ခြင်ပေါက်ဖွားနိုင်သည့်နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းများကို မြို့မဈေးပတ်ဝန်းကျင်တွင် နေရာလပ်မကျန်ဆောင်ရွက်ခဲ့ကြ ကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မြို့နယ်၊ပြန်/ဆက်)