တံတားဦးမြို့နယ်တွင် မိုးစပါးများအောင်မြင်ရေးနှင့် အထွက်နှုန်းရာနှုန်းပြည့် စိုက်ပျိုးပြီးစီးရေး ကွင်းဆင်းဆောင်ရွက်

တံတားဦး ဩဂုတ် ၄

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးထားသော မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးစပါးများအောင်မြင်ရေးနှင့် အထွက်နှုန်းကောင်မွန်ရေးနှင့် ရာနှုပြည့်စိုက်ပျိုး ပြီးစီးရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ယခုနှစ် မြို့နယ်အတွင်းစိုက်ပျိုးမှု လျာထားချက်ပြည့်မီစေရန် မိုးစပါးဧကစုစုပေါင်း(၁၄၅၇၅)ဧက လျာထားပြီး စိုက်ပျိုးမှုအား ရာနှုန်းပြည့် စိုက်ပျိုးစီးရေး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးပြီးအပင်များ ရှင်သန်ဖွံ့ဖြိုးရေး၊ အထွက်နှုန်းကောင်းမွန်ရေး၊ ပန်တိုင်အထွက်နှုးရရှိရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ ပေါင်းမြက်ကင်းဝင်းရေးတို့အတွက် တောင်သူများနှင့်တွေ့ဆုံပြီး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် တံတားဦးခရိုင်/မြို့နယ် စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကနေဒီထွန်း ဦးဆောင်မှုဖြင့် တောင်သူများအား မြေဩဇာစနစ်တကျသုံးစွဲရေးအတွက်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သဘာဝမြေဩများကို အချိုးကျထည့်သွင်းအသုံးပြုရေး၊ ရေသွင်းရေထုတ်မှန်ကန်ရေး၊ ကုန်ကျစရိတ်သက်သာပြီး မျိုးကောင်းမျိုးသန့် ရရှိရေး၊ အရည်အသွေးပြည့်မီသော စပါးများရရှိရေးနှင့် ရိတ်သိမ်းရာတွင် အလေအလွင့်နည်းပါးပြီး အလေအလွင့်မရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး တောင်သူများအနေဖြင့်  စိုက်ပျိုးထားသည့်အပင်များ ရှင်သန်ပြီးအောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးတို့ကို မျှော်လင့်မိပါကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ရဲတင့်( ပြန်/ဆက်)