ပြင်ဦးလွင် ဩဂုတ် ၄
ဥတုရာသီ ဂေဟစနစ်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်၀န်းကျင်စိမ်းလန်းစိုပြည် သာယာစေရန်ရည်ရွယ်၍ Green Challenge Association မှ ဥက္ကဋ္ဌ ဦးအောင်မျိုးပိုင် ဦးဆောင်၍ Greenery Group(Pyin Oo Lwin)နှင့် မြန်မာစာပေယဥ်ကျေးမှု အသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်း တို့ပူးပေါင်းကာ ၂၀၂၅ ခုနှစ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်ဂနိုင်ရွာဦးကျောင်း၊ ဓမ္မသဟာယ သာသနာ့စင်တာနှင့် ဒိုးပင်အောင်ကံသာ ပရဟိတကျောင်းတို့တွင် ကျင်းပခဲ့သည်။
ထို့နောက် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများက ကံ့ကော်ပင်(၄၅)ပင်၊ သရက်ပင်(၄၀)ပင်၊ တမာပင် (၂၀)ပင်၊ စိန်ပန်းပင်(၂၀)ပင်၊ဗန်ဒါပင်(၄၀)ပင်နှင့် အပင်စုံ(၁၁၀)ပင် စုစုပေါင်း (၂၇၅) ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)