တောင်ဥက္ကလာပမြို့နယ် မီးလောင်မှုဖြစ်ပွား

တောင်ဥက္ကလာပ ဩဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)ရပ်ကွက်၊ တကောင်းလမ်းတွင် ယမန်နေ့ ည(၁၈:၁၀)အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ရှေးဦးစွာ တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)ရပ်ကွက်၊ တကောင်းလမ်း၊ အမှတ်၄၅၆/ခ ပိုင်ရှင် ဦးဉာဏ်ဝင်း၏ နေအိမ် (၁၀x၅၀)ပေ အုတ်ညှပ်၊ ပျဉ်ထောင်(၂)ထပ်အဆောက်အဦ၏ မြေညီထပ်အခန်း(၁၀x၅)ပေအခန်းတွင် Extension မီးပလပ်ခုံတွင် ပလပ်ခေါင်းများ စုပြုံ၍ အသုံးပြုနေစဉ် Extension မီးပလပ်ခုံအပူလွန်ကဲရာမှ ဘေးရှိ အဝတ်အစားများသို့ မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇင်မင်းကြီးကြပ်၍ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၁၈း၁၆)အချိန်တွင် မီးငြိမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

သက်မင်းဟန်(ပြန်/ဆက်)