မှော်ဘီမြို့နယ်၌ မိုးစပါးစိုက်ဧကပြည့်မှီရေး စိုက်ပျိုးခြင်းနည်းပညာပေးဟောပြောပွဲ ကျင်းပ

မှော်ဘီ ဩဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မိုးရာသီမိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်မှီရေးအတွက်၊ မျိုးစေ့ချကိရိယာ (DrumSeeder)ဖြင့် စိုက်ပျိုးခြင်းနည်းပညာပေးဟောပြောခြင်းကို ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းက အောက်ဝါးနက်ချောင်းကျေးရွာအုပ်စု၊ တပ်ကြီးကုန်းကျေးရွာအုပ်စုနှင့် ဆပ်သွားတောကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးရာသီ မိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်မှီရေးအတွက်၊ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းနည်းပညာပေးဟောပြောခြင်းကို မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်အဖွဲ့ခေါင်းဆောင် ဒေါ်ငုဝါကျော်(စီမံကိန်း) ဦးဆောင်သောအဖွဲ့သည် အောက်ဝါးနက်ချောင်းကျေးအုပ်စု၊ တပ်ကြီးကုန်းကျေးရွာအုပ်စုနှင့် ဆပ်သွားတောကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ ကောက်စိုက်တောင်သူများနှင့်တွေ့ဆုံကာ၊ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့်စိုက်ပျိုးခြင်း နည်းပညာပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းဇော် (ပြန်/ဆက်)