လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ သြဂုတ် ၂ ရက်နေ့ နံနက်(၈)နာရီ၌ အမှတ်(၇)ရပ်ကွက်တွင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် M အိမ်ထောင်စု(၁၄၅ )စုတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦအောင်ကျော်မိုး၊ တိုက်နယ်မှူးများနှင့် ၀န်ထမ်းများ၊ အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်မောင်၀င်းနှင့် တာ၀န်ရှိသူတို့က လိုအပ်သည်များ ဝိုင်း၀န်းကူညီပံ့ပိုးပေးလျက်ရှိကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)