ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲ ပြုလုပ်

အမရပူရ သြဂုတ် ၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၅၇၀(ခ)ရှိ တောင်သူဦးမြင့်မောင်နှင့် ဦးသိန်းဝင်းတို့၏ လယ်မြေများပေါ်တွင် ယမန်နေ့က အမရပူရမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ဦးဆောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူနည်းပညာပေး သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အမရပူရမြိူ့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် လယ်ယာစီမံခန့်ခွဲရေးအဖွဲ့များ၊ ဖိတ်ကြားထားသော တောင်သူများနှင့် စက်မှုလယ်ယာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာသောတောင်သူများ၏ တင်ပြလာမှုများကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)