လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဩဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်ဖြင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၇)နာရီ၌ ဦးပုညလမ်း၊ အမှတ်(၈)ရပ်ကွက်ရုံးတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ကျင်းပရာ၌ အမှတ်(၈)ရပ်ကွက် သံသရာအေး မိုးကုတ်ဝိပ္ပသနာ ဓမ္မရိပ်သာ ဆရာတော်ဒေါက်တာ အရှင်ဝါသဝနှင့် သံဃာတော်အရှင်သူမြတ်များက ရုံးအတွင်း ကိန်းဝပ်စံပါယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ ချီးမြှင့်လျက်ရှိသည်။
ထို့နောက် အမှတ်(၈)ရပ်ကွက် ရုံးသစ်ဖွင့်ပွဲသို့ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအတွင်း တာဝန်ရှိသူများ တက်ရောက်လျက်ရှိပြီး အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက စုပေါင်း၍ သံဃာတော်အရှင်သူမြတ်တို့ကို လှူဖွယ်ပစ္စည်းများဖြင့် ဝါဆိုသင်္ကန်းများအား အသီးသီးဆက်ကပ်လှူဒါန်းကြပြီး တက်ရောက်လာသူ ပြည်သူများကိုလည်း ထမင်း၊ ဟင်း များဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)