သန်လျင်ခရိုင်အတွင်း လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်

ရန်ကုန် ဩဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးမှ သန်လျင်ခရိုင်အတွင်း လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်းကအမှာစကားပြောကြားပြီး လေဘေးသင့်ကျောက်တန်းမြို့နယ်နှင့် ခရမ်းမြို့နယ်တို့မှအိမ်ထောင်စုဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှထောက်ပံ့သောထောက်ပံ့ငွေများကို သက်ဆိုင်ရာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်းက ပေးအပ်သည်။

ယနေ့ထောက်ပံ့မှုတွင် သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်မှလေဘေးသင့်အိမ်ထောင်စု(၂၄)စုအတွက် ကျပ်(၁၂)သိန်း၊ ခရမ်းမြို့နယ်လေဘေးသင့်အိမ်ထောင်စု (၆)စုအတွက် ကျပ်(၃)သိန်း၊ ကွယ်လွန်သူတစ်ဦးအတွက်ကျပ်(၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ(ပြန်/ဆက်)