တွံတေးမြို့တွင် ၂၀၂၅ ခုနှစ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလားရပ်ကွက်၊ ကျေးရွာပေါင်းစုံအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

တွံတေး သြဂုတ် ၃     

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ် အုန်းပင်စုရပ်ကွက်တွင် ၂၀၂၅ ခုနှစ် တွံတေးမြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံအမျိုးသား(အလွတ်တန်း)မိုးရာသီဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ​​ယမန်နေညနေ(၃)နာရီအချိန် တွံတေးမြို မြို့မအားက စားကွင်း၌ကျင်းပခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်တာဝန်ခံအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးမှူးဦးအောင်နိုင်ဦး၊ တွံတေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှအဖွဲ့ဝင်များနှင့်ဒိုင်လူကြီးများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှအဖွဲ့ဝင်များ၊ ဘော လုံးအား ကစားသမားများနှင့် ပြည်သူများအင်အား(၁၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ဗိုလ်လုပွဲယှဉ်ပြိုင်မည့်အသင်းများဖြစ်ကြသော ဈေးသစ်ရပ်ကွက်ဘောလုံးအသင်းနှင့် ကျွန်းတောရပ်ကွက်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဈေးသစ်ရပ်ကွက် ဘောလုံး အသင်းမှ(၄)ဂိုး၊ ကျွန်းတောရပ်ကွက်ဘောလုံးအသင်းမှ(၃)ဂိုးရရှိခဲ့သဖြင့် ဈေးသစ်ရပ်ကွက်ဘောလုံးအသင်းမှ တံခွန်စိုက်ဆုဖလားကို ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအား ညနေ ၅ နာရီမိနစ် ၃၀ အချိန်တွင်ကျင်းပခဲ့ရာ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု ၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆုနှင့်ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆုတို့အား တာဝန်ရှိသူများကဆုများချီးမြှင့်ပေးခဲ့သည်။ ဆက် လက်၍ ပထမဆုရရှိသော ဈေးသစ်ရပ်ကွက် ဘောလုံးအသင်းအားဆုချီးမြှင့်ငွေ(၁၅)သိန်းကျပ်၊ ဒုတိယဆုရရှိသော ကျွန်းတောရပ်ကွက် ဘောလုံးအသင်းအား ဆုချီးမြှင့်ငွေ (၁၀)သိန်းကျပ်၊ တတိယဆုရှရိသောရွှေဆံတော်ရပ်ကွက် ဘောလုံးအသင်းအား ဆုချီးမြှင့်ငွေ(၅)သိန်းကျပ်နှင့် စတုတ္ထဆုရရှိသော မြို့မတိုက်နယ်ဘောလုံးအသင်းအား ဆုချီးမြှင့်ငွေ(၂)သိန်းကျပ် အသီးသီးချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသောဈေးသစ်ရပ်ကွက်ဘောလုံးအသင်းအား တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးညွန့်နွယ်မှ တံခွန်စိုက်ဆုဖလားအားပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)