လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးစီးဖွင့်လှစ်သော ကုန်ပစ္စည်းမျိုးစုံအ‌ရောင်းဆိုင်ဖွင့်ပွဲ ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဩဂုတ် ၃

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှဦးစီးဖွင့်လှစ်သော  ကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ၌ အမှတ်(၇)ရပ်ကွက် တေးဥယျာဉ်လမ်းမနှင့်တေးဥယျာဉ်(၁၅)လမ်းထောင့်တို့တွင် ကုန်ပစ္စည်းမျိုးစုံ အရောင်းဆိုင်များဖွင့်လှစ်သည်။

အရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊  ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ စည်ပင်သာယာရေးဦးစီးဌာနမှ၀န်ထမ်းများ၊ ရပ်ကွက်မှတာဝန်ရှိသူများတက်ရောက်လျက်ရှိပြီး အဆိုပါကုန်မျိုးစုံပစ္စည်းအရောင်းဆိုင်အား ပြည်သူများအားသက် သာသောဈေးနှုန်းဖြင့် ၀ယ်ယူနိုင်ရေးအတွက် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)