ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့်နေရပ်ပြန်များအား နေရပ်ဒေသများသို့ပြန်လည်ပို့ဆောင်

ကော့သောင်း  ဇူလိုင်  ၃၁

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား(၁၄၆)ဦး  အမျိုးသမီး(၁၅)ဦး၊ စုစုပေါင်း (၁၆၁)ဦးအား ယနေ့မွန်းလွဲပိုင်းက  ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ လက်ခံဆောင်ရွက်သည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသည့်နေရပ်ပြန်များအား တာဝန်ရှိသူများက စနစ်တကျလွှဲ‌ ပြောင်းလက်ခံဆောင်ရွက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌နိုင်လင်းထက်နှင့် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများမှ တာဝန်ရှိသူများက လိုအပ်သည်များမှာကြားသည်။ ယင်းနောက် ကျန်းမာရေးဌာနမှတာဝန်ရှိသူများကျန်းမာရေး စစ်ဆေးမှုများ‌ ဆောင်ရွက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ သက်ဆိုင်ရာဌာနများမှ  ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းနှင့် လိုအပ်သည်ဆက်လက် ဆောင်ရွက်ပြီးနောက် မိမိတို့နေရပ်ဒေသများသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)