မိုးညှင်း ဇူလိုင် ၃၁
ကချင်ပြည်နယ်၏ စပါးကျီခရိုင်တစ်ခုဖြစ်သည့် မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်မြှင့်မားလာစေရေးအတွက် လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရေး မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၉ ရက် မိုးညှင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ဥပဒေချုပ်တို့သည့် မိုးညှင်းတပ်နယ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ်ဝသုန်စိုး၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား/ကျောင်းသူများနှင့်အတူ မိုးညှင်းမြို့ မြို့တော်ခန်းမဘေးရှိ မြေကွက်လပ်တွင် ရတနာတန်းဝင် ကျွန်းပင်၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊ မဟောဂနီ၊ ယမနေ၊ ယင်းမာ၊ မျောက်ငို၊ ပျဉ်း ကတိုး၊ မန်ဂျန်ရှားစသည့် အရိပ်ရအပင်ကြီး (၅၁၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတက်ရောက်လာသူများ၏ စိုက်ပျိုးပေးမှုများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် မြို့တော်ခန်းမ၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူးကျင်းပသည့် မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်း သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ တစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လာမည့်ရွေးကောက်ပွဲများတွင် အီလက်ထရောနစ်မဲ ပေးမှုကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲပေးစက်ကို အသုံးပြုမဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ရာတွင် အချိန်ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွဲမှားမှုများ ကျော်လွှာပြီး တိကျမှန်ကန်သည့် မဲရလဒ်များကို ထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပိုမို ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်ပါကြောင်း၊ ယနေ့သင်တန်းတွင် မဲပေးစက်ထိန်း ချုပ်အသုံးပြုပုံများကို သင်ကြားသွားမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာ မဲပေးနိုင်ရေးနှင့် စနစ်တကျကိုင်တွယ်နိုင်ရေးသည် အဓိကျသည့်အတွက် ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြု တတ်အောင် ကြိုးစားလေ့လာမှတ်သားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ဧပရယ်စိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ မဲပေးစက်၏ ဖွဲ့စည်းပုံ၊ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုပုံ၊ မဲရလဒ်များ ထုတ်ယူ ရေတွက်ပုံ၊ အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ လုံခြုံစိတ်ချရမှုကို ပါဝါပွိုင့်ဖြင့် ရှင်း လင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်လာသည့် သင်တန်းသား/ သင်တန်းသူ (၅၀၀)ကျော်တို့အတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၇၃၅၀၀၀၀ ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အီလက် ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ သင်တန်း တက်ရောက်လာကြသည့် အခြေခံပညာဆရာ/ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အား ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာသို့ သွားရောက်ပြီး ပိုင်ရှင်ဦးသန်းဌေးအောင်၏ ခြံ၌ အသားတိုးဝက်ကောင်ရေ ၃၀၀ ကျော်မွေးမြူထားရှိ မှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကာ တိုးချဲ့မွေးမြူနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မတည်ငွေပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပင်းဟဲကျေးရွာ၌ ကွင်းအမှတ် (၃၀၂) ပင်းဟဲ ကွင်း၌ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများနှင့် သွားရောက်တွေ့ဆုံပြီး ခရိုင်မြေစာရင်း ဦးစီးမှူးက မိုးညှင်းခရိုင်အတွင်း မိုးစပါးစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကာ စိုက်ပျိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဆီထွက်သီးနှံသီးထပ် စိုက်ပျိုးမှုတိုးချဲ့နိုင်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တောင်သူများနှင့်အတူ ကွင်းအတွင်းရှိ တောင်သူ ဦးမျိုးလွင်၏ ဆင်းဧကရီ-၃ မိုးစပါးစိုက်ခင်းအတွင်း ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိန်ကိုက် အချိုးကျ ရောစပ်ပက်ဖျန်းခြင်း တောင်သူအသိပညာပေး သရုပ်ပြကြဲ ပက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချူပ်နှင့် အဖွဲ့ဝင်များသည် ဘီလူးကျေးရွာ ကွင်းအမှတ် (၃၀၂)၊ မိုးဒါးစု-၂ ကွင်းအတွင်းရှိ တောင်သူဒေါ်သန်းရင်၏ လယ် (၁၃ ဒဿမ ၁၆)ဧက၌ မိုးစပါးတစ်ဧက အထွက်နှုန်း မြင့်မားရေးအတွက် ကြားပေါင်းလိုက်ကိရိယာအသုံးပြု၍ ဆင်း ဧကရီ-၃ မိုးစပါးစိုက်ကွင်းအတွင်း သရုပ်ပြသမှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ ကြသည်။
ထို့နောက် အင်းကြင်းကုန်းကျေးရွာ၊ ကွင်းအမှတ် (၃၁၉) မိုးစပါးစိုက် တောင်သူ ဒေါ်တင်စိန်၏ လယ်၌ ကွင်းအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံပြီး တောင်သူများအတွက် စိုက်ပျိုးရေးအတွက် သွင်းအားစုများ လိုအပ်ချက်အပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ တောင်သူများအတွက် အီလက်ထရေနစ် ဆေးဖျန်းပုံးများနှင့် ရွက်ဖျန်းအားတိုးဆေးအိတ်များ၊ မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တောင်သူများနှင့်အတူ မိုးစပါးစိုက်ခင်းအတွင်း မိုးစပါးတစ်ဧကအထွက် နှုန်းတိုးတက်မြင့်မားရေးအတွက် ရွက်ဖျန်းမြေသြဇာအသုံးပြုခြင်း သရုပ်ပြသမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ခရိုင်/ မြို့နယ်၊ ရပ်ကွက်/ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပသည်။
ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရသော နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မိုးညှင်းခရိုင်အတွင်း လုပ်ငန်းများ ပုံမှန် လည်ပတ် နိုင်ရေး ရင်းနှီးမတည်ငွေများကို ခွဲဝေချထားပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်း များ ပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်ရာတွင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်နှင့် မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ မိမိတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည့်အပြင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသည့်လုပ်ငန်းများ အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့်အတွက် မိမိတို့အားလည်းက တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တောင်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍ အလိုက်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသည့် ဘာသာရေး၊ စာပေယဉ်ကျေးမှု၊ လူမှုကူညီရေးအသင်း အဖွဲ့ (၁၈)ဖွဲ့တို့အတွက် ထောက်ပံ့ငွေကျပ် (၅၄)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့သို့ ပြန်လည် ထွက်ခွာလာခဲ့ကြပြီး နမ္မတီးမြို့သို့ ရောက်ရှိကာ မြို့မရပ်ကွက်အတွင်းရှိ ယာယီခိုလှုံရာစခန်း အမှတ် KBC (၁) စခန်း၌ နမ္မတီးမြို့ရပ်ကွက်/ကျေးရွာများရှိ ယာယီစခန်းတာဝန်ခံများနှင့် တွေ့ဆုံကာ စခန်းအလိုက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယကကအမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့အတွက် လက်ဆောင်များနှင့်စခန်းအတွင်းရှိ ကလေးငယ်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ခဲ့ကြသည်။
ထို့နောက် စခန်းအတွင်းရှိ ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး မြို့သာယာ(RC)နှင့် ဒွန်ဘုံးခစခန်း၊ မြို့မ(ဝါအောင်) စခန်းနှင့် ကံလှ (ဝန်ဂျာ)စခန်းများအတွက် အိမ်ထောင်စုများ လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေး လျှပ်စစ်မီးသွယ်တန်း ပေးနိုင်ရေး၊ ရေဝပ်နေရာများတွင် သဲကျောက်ခင်းပေးနိုင်ရေး၊ သောက်သုံးရေရရှိရေး၊ ခြံစည်းရိုးကာရံ ပေးနိုင်ရေး၊ ရေလောင်းအိမ်သာများ တည်ဆောက်ပေးရေးတို့အတွက် သက်ဆိုင်ရာစခန်းအလိုက် တာဝန်ရှိသူများထံ စုစုပေါင်း ငွေကျပ် ၃၇၆ သိန်းကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)