ဇေယျာသီရိ ဇူလိုင် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ တစ်နှစ်သုံးသီး၊ သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကြို့ပင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ သစ်တပ်ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း လေးရွာနှင့် ကျောက်ချက်ကျေးရွာအုပ်စုမှ ကျေးရွာပေါင်း ခြောက်ရွာမှ တောင်သူများတက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ၊ သီးနှံကာကွယ်ရေးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်မာလာမြင့် ဦးဆောင်သည့် ပညာပေးအဖွဲ့က တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်း၊ မြေဩဇာထည့်သွင်းခြင်းနည်းစနစ်များ၊ ပိုးမွှားရောဂါနှင့် ပေါင်းဘက်စုံကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို ပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် တောင်သူများမှ တစ်နှစ်သုံးသီး၊ သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တင်ပြလာသည့်အခက်အခဲများအား နည်းပညာပေးအဖွဲ့က ဖြေရှင်းဆွေးနွေးပးပေးခဲ့သည်။
အလားတူ မွန်းလွဲပိုင်းတွင် ကျွန်းရောင်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျွန်းရောင်းအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာ၊ ရေဆင်းကျေးရွာအုပ်စုမှ ကျေးရွာ ငါးရွာမှ တောင်သူများအား နည်းပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)