တပ်ကုန်းမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

တပ်ကုန်း ဇူလိုင် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာတွင် မြို့မရဲစခန်းမှဦးဆောင်၍ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် တပ်ကုန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ညီညီထွန်းက  ကျေးရွာ‌သာယာဖွံ့ဖြိုးရေး၊ မှုခင်းဖြစ်တတ်သည့်အကြောင်းအရင်းများနှင့် မှုခင်းကျဆင်ရေးအသိပညာပေး ဆွေးနွေးဟောပြောခဲ့ရာ ကျေးရွာပြည်သူ ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်