ပုဗ္ဗသီရိ ဇူလိုင် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြုလုပ်သော မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM)တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM) လက်တွေ့သရုပ်ပြခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းဖွင့်လှစ်သင်ကြားနေမှုတို့အား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးပြီး သင်တန်းအား ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအပါအဝင် စုစုပေါင်းသင်တန်းသား ၁၈၈ ဦးအား သင်တန်းနည်းပြလေးဦးက နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)