‌နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံဖြိုးရေး ကွင်းဆင်းဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၂၈

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီက မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာများအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။  

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ညောင်ပင်သာကျေးရွာ၊ ရွာလယ်လမ်းခင်းကျင်းထားရှိမှု၊ နဝင်းချောင်း ကမ်းထိန်းနံရံဆောက်လုပ်မည့် နေရာနှင့် ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့၍လည်းကောင်း၊ မကျီးပင်ကျေးရွာ၊ သန့်ရှင်းသာယာလှပရေးနှင့် စာကြည့်တိုက် အဆောက်အဦသစ်ဆောက်လုပ်နေမှု၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင် လေ့ကျင့်ရေးသင်တန်းအား ကြည့်ရှု အားပေးခဲ့ပြီးနောက် ကျေးရွာများအတွင်း လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို  သက်ဆိုင်ရာ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်