စဉ့်ကိုင်မြို့နယ်၌ Grade -12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူဦးရေ (၅၈၂)ဦးရှိ

စဉ့်ကိုင် ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွက်၊ Grade -12 တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ရက်နေ့တွင် ပြန်လည်ဖြေဆိုခဲ့ရာ  စာမေးပွဲအောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အောင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိရာ ကျောင်းသား၊ ကျောင်းသူ (၅၈၂)ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်အတွက် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၂၄၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၅)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁)ဦး၊ (၄) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၁)ဦး၊ (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၆၀)ဦး၊ (၂) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၆၀)ဦး၊ (၁)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၀၀)ဦး၊ ရိုးရိုး‌‌ အောင်မြင်သူ (၃၅၀)ဦး၊ စုစုပေါင်း အောင်မြင်သူကျောင်းသား၊ ကျောင်းသူ (၅၈၂)ဦးရှိ‌ပြီး အောင်ချက် ရာခိုင်နှုန်းမှာ (၄၆.၇၅)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား သက်ဆိုင်ရာ စာစစ်ဌာနများ  ထုတ်ပြန်ကြေညာရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စိတ်အေးချမ်းသာစွာ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)