၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

နေပြည်တော် ဇူလိုင် ၂၇

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင်လ(၂၇)ရက် နံနက်(၆)နာရီမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပေါင်းတည်မြို့နယ် စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၄၀၅ ဦးအနက် အောင်မြင်သူ ၁၁၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၈.၁၅ ရာခိုင်နှုန်း၊ ရွှေတောင်မြို့နယ် စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၆၄၆ ဦးအနက် အောင်မြင်သူ ၁၉၀ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၀.၅၅ ရာခိုင်နှုန်း၊  မိုးညိုမြို့နယ် စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၅၉၅ ဦးအနက် အောင်မြင်သူ ၁၁၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၆.၀၅ ရာခိုင်နှုန်း၊ ကြို့ပင်ကောက်မြို့နယ် စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၅၈၇ ဦးအနက် အောင်မြင်သူ ၂၂၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၇.၉၉ ရာခိုင်နှုန်းနှင့် နတ်တလင်းမြို့နယ် စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၅၅၉ ဦးအနက် အောင်မြင်သူ ၁၇၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၁.၈၄ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

R & D