နေပြည်တော် ဇူလိုင် ၂၇
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင်လ(၂၇)ရက်နံနက်(၆)နာရီမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်တွင်းကြီး မြို့နယ် စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၄၄ ဦးအနက် အောင်မြင်သူ ၃၅၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၈.၇၈ ရာခိုင်နှုန်း၊ ရေနံချောင်းမြို့နယ် စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၁၀၀၁ ဦးအနက် အောင်မြင်သူ ၅၆၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၆.၇၄ ရာခိုင်နှုန်းနှင့် မြို့သစ်မြို့နယ် စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၇၇ ဦးအနက် အောင်မြင်သူ ၈၁၀ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၈.၈၂ ရာခိုင်နှုန်း၊ အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
R & D