နေပြည်တော် ဇူလိုင် ၂၇
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင်လ(၂၇)ရက် နံနက်(၆)နာရီမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ် စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၁၅၈၀ ဦးအနက် အောင်မြင်သူ ၆၇၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၂.၉၇ ရာခိုင်နှုန်းနှင့် မြင်းခြံမြို့နယ် စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၃၀၀ ဦးအနက် အောင်မြင်သူ ၁၁၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၈.၆၇ ရာခိုင်နှုန်း၊ အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး /ခရိုင်/မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
R & D