ဇမ္ဗူသီရိ ဇူလိုင် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက "ဗလငါးတန်နဲ့ပြည့်စုံဖို့ စာဖတ်ကြပါစို့" ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက် လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏အမြင်များနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာနှင့် သက်ဆိုင်သည့် စာအုပ်၊စာစောင်များ၊အသိပညာပေးနံရံကပ်ပြဘုတ်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နီလာ(ပြန်/ဆက်)