ဥတ္တရသီရိမြို့နယ်၌  နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေး

ဥတ္တရသီရိ ဇူလိုင် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား) များအား ဇီဝဆိုင်ရာအချက်အလက်(Biometric) များကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းမှစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌  ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းနှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ဇီဝဆိုင်ရာအချက်အလက်(Biometric)များစိစစ်ကောက်ယူခြင်း၊ လက်ဗွေများအား Scan ဖတ်ခြင်းနှင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ထည့်သွင်း၍ UID နံပါတ်များကိုရယူပြီး မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension အစီအစဉ်တွင် ထည့်သွင်းနိုင်ရန် UID နံပါတ် ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)