ရွှေတေင် ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက အခြေခံပညာကျောင်းများဖြစ်သည့် အမက(ကူကြီး)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သောကုသမှုများပေးခြင်း၊ မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျောင်းဈေးဆိုင်နှင့် အစားအစာများအား စစ်ဆေးခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ်ဖြည့်သွင်းခြင်း စသည်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)