ကျိုင်းတုံ ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလ အပတ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီက မဟာမြတ်မုနိဘုရား၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်ရောက်ကြသည်။
ဆွမ်းလောင်လှူပွဲတွင် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သီလရှင်များအား စုပေါင်းဆွမ်းလောင်လှူခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)