ဇေယျာသီရိ ဇူလိုင် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/နေပြည်တော်ကောင်စီ (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲမှ အင်ဂျင်နီယာများ၊ ဥတ္တရခရိုင်နှင့် ဇေယျာသီရိမြို့နယ်တို့မှ တာဝန်ရှိ အင်ဂျင်နီယာများသည် တင်ဒါအောင်ကုမ္ပဏီများနှင့်အတူ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ် ဇေယျာသီရိမြို့နယ်အတွင်း ပြည်ထောင်စု/နေပြည်တော်ကောင်စီ (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတား ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ မဆောင်ရွက်မီ မူလလမ်း/တံတား အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေး၊ အချိန်မီဆောင်ရွက်ပြီးစီး နိုင်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းလင်း(ဇေယျာမြေ)