ကော့သောင်းမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာလာ ရောက်ထုတ်ယူသူများအား UID (Unique Identity) ဆောင်ရွက်ပေး

ကော့သောင်း ဇူလိုင် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာလာရောက်ထုတ်ယူသူများအား UID (Unique Identity) များ ဆောင်ရွက်ခြင်းကို မြန်မာ့စီးပွားဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့‌ ဆောင်ရွက်ရာတွင် ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့ဇေဦး ကြီးကြပ်၍ လက်ထောက်မြို့နယ် ဦးစီးမှူးဦးသန်းထိုက်နှင့်အဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာလာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ ပင်စင်လစာ လာရောက်ထုတ်ယူသူများအား နံနက် ၈ နာရီခွဲမှ ညနေ ၃နာရီအထိ UID (Unique Identity)များ ဆောင်ရွက်ပေးခဲ့ကြပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)