ထားဝယ် ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချူပ်ခြင်း(ICM) ပထမ(၅)နှစ် စီမံချက်အရ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်း က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ကျင်းပသည်။
ဟောပြောပွဲတွင်ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးရဲဝင်းအောင် က မီးခိုး/မြူငွေ့ ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များနှင့် သစ်တောများထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့်သစ်ပင်စိုက်ပျိုး၊ပြုစုခြင်းနည်းစနစ်များ၊ သစ်ပင် စိုက်ပျိုးခြင်း၏အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောသည်။
ထို့နောက်ကျောင်းသားကျောင်းသူများ၏သိရှိလိုသည် မေးမြန်းမှုအပေါ်တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ပြီး တက်ရောက်လာသူများအား သစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးသည်။
ငွေဇင်ယော်(ထားဝယ်)