ညောင်ရွှေမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် လူငယ်အသိပညာပေး ပြပွဲကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဇူလိုင် ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ လူငယ်သိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ လူငယ်အသိပညာပေး ပြပွဲများပြသခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ် ညောင်ရွှေမြို့  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး ဒုတိယဦးစီးမှူး ဦးမောင်မောင်က စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က ကျောင်းသားလူငယ်လေးများနှင့် မျက်မောက်ခေတ် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများသည် ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် အသိပညာပေး စာအုပ်စာစောင်ပြခန်းတို့ကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ