ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
ဦးစွာ အ.လ.က(ပြည်ကြီးမဏ္ဍိုင်) ကျောင်းမှ ဆရာမဒေါ်ချောအိအိအောင်က ကျောင်းသား/ကျောင်းသူများအား အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက အဂတိလိုက်စားခြင်း၏ အဓိပ္ပာယ်၊ အဂတိတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှု မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အဂတိလိုက်စားလျှင်အရေးယူနိုင်သည့် ပြစ်မှု၊ပြစ်ဒဏ်နှင့် ချမှတ်နိုင်သည့် ဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)