ဇမ္ဗူသီရိမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ပထမနေ့ (ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ဇမ္ဗူသီရိ ဇူလိုင် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြို့နယ်ဦးစီးအရာရှိ ဒေါ်မေမဉ္ဇူက သင်တန်းဖွင့် အမှာစကားပြောကြားသည်။ သင်တန်း၌ အီလက်ထရောနစ် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ် မဲပေးစက်များ တပ်ဆင်စစ်ဆေးခြင်း၊ မဲပေးချိန်တွင် ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုနည်း၊ မဲရေတွက်ချိန်တွင် ထိန်းချုပ်စက် ကိုင်တွယ်အသုံးပြုနည်း၊  မဲပေးစက် ချိတ်ဆက်တပ်ဆင် အသုံးပြုနည်း စသည့် ဘာသာရပ်များကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပြီး ဆရာ၊ ဆရာမများနှင့် ရပ်ကွက်ကျေးရွာစာ‌ရေးများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၉၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)