တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်အတွင်း ဝါတွင်းဆွမ်းလောင်းလှူဒါန်းနိုင်ရေး ညှိနှိုင်း

တပ်ကုန်း ဇူလိုင် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြို့ပေါ်ခြောက်ရပ်ကွက်မှ ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲကြီးသည် ဝါဆိုလပြည့်နေ့မှစတင်၍ သီတင်းကျွတ်လပြည့်နေ့ထိ ရပ်ကွက် အလိုက်၊ ရက်အစဉ်ဖြင့် နှစ်စဉ်ကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ်၊ ဝါတွင်းကာလ(၂၄)ကြိမ်မြောက် မြဝတီရပ်ကွက်၊ သံဃာ့ဒါနဆွမ်းလောင်းလှူနိုင်ရေး ညှိနှိုင်းခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ကျင်းပ​ခဲ့သည်။

အဆိုပါရပ်ကွက်မှ ဆွမ်းလောင်းအသင်းဥက္ကဋ္ဌက ဘုန်းတော်ကြီးကျောင်းပေါင်း ၃၆ ကျောင်း၊ ဆွမ်းအလှူခံကြွချီမည့် သံဃာတော် ၆၀၉ ပါးတို့အား မြဝတီရပ်ကွက်၊ အမှတ်(၄)လမ်းကြောင်းမှ ကုသိုလ်ရှင်များ ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူရေး၊ အသင်းသားများကို ဝတ်စုံထုတ်ပေးနိုင်ရေး ဆွေးနွေးပြောကြားပြီးနောက် တက်ရောက်လာသူများက ဆွမ်းလောင်းလှူရက်များတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

တင်စိုးလွင်