တနင်္သာရီမြို့နယ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ ပြိုင်ပွဲများ ကျင်းပ

တနင်္သာရီ ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အ.မ.က(တပ်ဦး)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.မ.က (တပ်ဦး) ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီသီခိုင်က အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောကာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပြိုင်ပွဲကို ပြုလုပ်ပေးပြီး အာဇာနည် (၉) ကိုး၏ အတ္ထုပ္ပတ္တိနှင့်အာဇာနည်နေ့ သမိုင်းကြောင်းများပါဝင်သော နံရံကပ်စာစောင်ကို ခင်းကျင်းပသပေးခဲ့သည်။

ဆက်လက်၍ ဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။ (၇၈)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ အခမ်း အနားသို့ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

သီသီခိုင်(တနင်္သာရီ)