ခမောက်ကြီးမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အသိပညာပေးနံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ခမောက်ကြီး ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ အ.လ.က ယုဇန အခြေခံပညာ အလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်လျက်ရှိသည်။

အဆိုပါနံရံကပ်နှင့်စာအုပ်စာစောင်ပြပွဲ ပြသဆောင်ရွက်ခြင်းသည် အာဇာနည်ခေါင်းဆောင်ကြီးများအား  အတုယူ၍ အနာဂတ် သားကောင်းရတနာများပေါ်ထွန်းစေရေး ဇူလိုင်လ(၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်၊ အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပညာပေးဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာအုပ်/စာပေများ ကိုချစ်မြတ်နိုးလာပြီး စာဖတ်ဝါသနာရှင်များ တိုးတက်ကာ စာဖတ်ရှိန်မြှင့်တင်ရေး အလေ့အကျင့်များ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)