ရပ်စောက်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြင်ပြော၊ ပုံတူဆွဲပြိုင်ပွဲ ပြုလုပ်

ရပ်စောက် ဇူလိုင် ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ပုံတူဆွဲပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က အဖွင့်အမှာစကားနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက မောင်လမင်းနောင်ရေးသားထားသော “အာဇာနည်မြတ် မမေ့အပ်” ကဗျာရွတ်ဆိုခြင်းဖြင့်လည်းကောင်း၊ “ဉာဏ်စမ်းပြိုင်ပွဲ”ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်းဖြင့်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပုံတူဆွဲခြင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်